bg-login-terms--pattern

အသုံးပြုမှုဆိုင်ရာ မူဝါဒများနှင့် စည်းကမ်းသတ်မှတ်ချက်များ

guard

13 May 2025 တွင်နောက်ဆုံးတင်ခဲ့သည်

Vetail Terms & User Agreement

Vetail သည် ဝယ်ယူအားပေးသူများ၊ လုပ်ဖော်ကိုင်ဖက်များနှင့် အများသူငှာအတွက် သတင်းအချက်အလက် ဝန်ဆောင်မှုများနှင့် အွန်လိုင်းစျေးဝယ်ခြင်းတို့ကို ပံ့ပိုးပေးသော အွန်လိုင်းနှင့် ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများကို တီထွင်ဖန်တီးခဲ့ပါသည်။ Vetailသည် Website နှင့် Applications ကဲ့သို့သော အွန်လိုင်းဝန်ဆောင်မှုများကို ပိုင်ဆိုင်ပြီး သုံးစွဲသူအားလုံး၏ ကိုယ်ရေးကိုယ်တာ အခွင့်အရေးများကို အမြဲလေးစားပါသည်။ အွန်လိုင်းဝန်ဆောင်မှုများကို ကိုယ်ရေးကိုယ်တာ အချက်အလက်များ ဖော်ပြခြင်းမရှိဘဲ အသုံးပြုနိုင်သော်လည်း အွန်လိုင်းစျေးဝယ်ခြင်းနှင့် အကျိုးခံစားခွင့်များအတွက် ကိုယ်ရေးအချက်အလက် မူဝါဒတွင်ပါဝင်သော စည်းကမ်းသတ်မှတ်ချက်များအတိုင်း အမည်၊ မှတ်ပုံတင်နံပါတ်၊ တယ်လီဖုန်းနံပါတ်၊ အီးမေးလ်၊ နေရပ်လိပ်စာ အစရှိသော ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ထုတ်ဖော်ဖို့ လိုအပ်ပါသည်။ ဤကိုယ်ရေးအချက်အလက် မူဝါဒတွင် ဖော်ပြထားသည့် စည်းကမ်းချက်များကို လက်ခံလိုက်နာကြောင်း သဘောတူရန် လိုအပ်ပါသည်။

1. ကိုယ်ရေးအချက်အလက် မူဝါဒ မိတ်ဆက်

1.1. Vetailသည် သင်၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို အလေးထားပါသည်။ Vetail သည် ပြဋ္ဌာန်းထားသည့် ကိုယ်ရေးကိုယ်တာ အချက်အလက်များ လုံခြုံရေးဆိုင်ရာ ဥပဒေများကို လိုက်နာမည်ဖြစ်သည်။

1.2. Vetail ၏ ဝန်ဆောင်မှုများကို အသုံးပြုနေစဉ် (ဝန်ဆောင်မှုစည်းမျဉ်းများတွင် သတ်မှတ်ထားသည့်အတိုင်း) Vetail သည် သင့်ကိုယ်ရေးကိုယ်တာ အချက်အလက်များကို စုဆောင်းမည်ဖြစ်သည်။

1.3. ကိုယ်ရေးကိုယ်တာမူဝါဒသည် Vetail ၏ လုပ်ဆောင်ချက်များကို သင့်အား အသိပေးရန်အတွက်ဖြစ်သည်။ Vetail သည် ဤကိုယ်ရေးကိုယ်တာ မူဝါဒနှင့်အညီ အချက်အလက်များကို စုဆောင်း၊ အသုံးပြု၊ ထုတ်ဖော်ပါမည်။

1.4. သင်သည်Vetailမှသတ်မှတ်ထားသော မူဝါဒများ၊ အထူးသဖြင့် ကိုယ်ရေးကိုယ်တာအချက်အလက် စုဆောင်းခြင်းဆိုင်ရာ မူဝါဒကို ဖတ်ရှုရန် အရေးကြီးပါသည်။ ဒေတာစုဆောင်းပုံနှင့် ကိုယ်ရေးကိုယ်တာအချက်အလက်များ အသုံးပြုပုံကို သတိပြုမိစေရန် ဖြစ်သည်။

1.5. “မှတ်ပုံတင်ခြင်း” ကို နှိပ်ခြင်း သို့မဟုတ် စစ်ဆေးခြင်းဖြင့် သင်သည်Vetail ၏ ကိုယ်ရေးအချက်အလက် မူဝါဒကို သိရှိနားလည်ပြီး ကိုယ်ရေးကိုယ်တာအချက်အလက်များကို စုဆောင်းခြင်းနှင့် လုပ်ဆောင်ခြင်းအပေါ် သဘောတူပြီးဖြစ်ပါသည်။

1.6.Vetail သည် အခါအားလျော်စွာ ကိုယ်ရေးအချက်အလက် မူဝါဒကို ပြောင်းလဲနိုင်သည်။ ပြုလုပ်မည့် မည်သည့်ပြောင်းလဲမှုကိုမဆို သုံးစွဲသူများထံ ကြိုတင်ကြေငြာအသိပေးမည်ဖြစ်သည်။

1.7. ကိုယ်ရေးအချက်အလက် မူဝါဒသည် အခြားသော ကြေငြာချက်များ၊ စာချုပ်များနှင့် သဘောတူညီမှုများအပေါ်တွင်လည်း သက်ရောက်မှုရှိပြီး ဒေတာစုဆောင်းခြင်း၊ အသုံးပြုခြင်းနှင့် ထုတ်ဖော်ခြင်းအားVetail မှ အခြားနည်းဖြင့် မသတ်မှတ်သရွေ့ ပယ်ဖျက်မည်မဟုတ်ပါ။

1.8. သင်သည် သင်၏ကိုယ်ရေးကိုယ်တာ အသေးစိတ်အချက်အလက်များကို မဖော်ထုတ်ဘဲ Website သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ သို့သော်လည်း ဝန်ဆောင်မှုများကို ရယူလိုပါက အကောင့်ဖွင့်ရပါမည်။ သင့်ကိုယ်ရေးကိုယ်တာ အချက်အလက်များနှင့်ပတ်သက်ပြီး မှတ်ချက်များ၊ အကြံပြုချက်များ သို့မဟုတ် တိုင်ကြားချက်များရှိပါက Hotline နံပါတ်ကို ဆက်သွယ်နိုင်ပါတယ်။

2. သင့်ထံမှ စုဆောင်းထားသော ကိုယ်ရေးကိုယ်တာ အချက်အလက်များ

2.1. ကိုယ်ရေးကိုယ်တာအချက်အလက် ဆိုသည်မှာ စာရွက်စာတမ်းပုံစံဖြင့် တိကျရှင်းလင်းစွာ မှတ်တမ်းတင်ထားသည်ဖြစ်စေ၊ မတင်ထားသည်ဖြစ်စေ လူပုဂ္ဂိုလ်တစ်ဦးရဲ့ အချက်အလက်များကို ဆိုလိုသည်။

2.2.Vetail သည် သင့်ထံမှ အချက်အလက်များကို အောက်ပါအတိုင်း စုဆောင်းပါမည်။ a. သင့်အမည်၊ မွေးနေ့နှင့် ကျား/မ ကဲ့သို့သော ပုဂ္ဂိုလ်ရေးအရ ခွဲခြားသတ်မှတ်နိုင်သော အချက်အလက် b. ပြေစာ၊ ပို့ဆောင်ရေးလိပ်စာ၊ အီးမေးလ်နှင့် ဖုန်းနံပါတ်တို့ကဲ့သို့သော ဆက်သွယ်ရန် အချက်အလက် c. ဘဏ်အကောင့်များ၊ ငွေပေးချေမှုအသေးစိတ်များကဲ့သို့သော ငွေကြေးဆိုင်ရာအချက်အလက်များ d. သင်ပြုလုပ်သော ငွေပေးချေမှု အသေးစိတ်အချက်အလက်များ၊Vetail မှ သင်ဝယ်ယူသည့် ထုတ်ကုန်နှင့် ဝန်ဆောင်မှု အသေးစိတ်အချက်အလက်များ e. IP Address၊ အကောင့်ဝင်အချက်အလက်၊ Browser အမျိုးအစား၊ အချိန်နှင့် တည်နေရာ ဖွဲ့စည်းပုံစနစ် ကဲ့သို့သော နည်းပညာဆိုင်ရာအချက်အလက်များ f. အသုံးပြုသူအမည်များနှင့် စကားဝှက်များ၊ မှာယူထားသည်များ သို့မဟုတ် မှာယူမှုများ၊ စိတ်ဝင်စားမှုများ၊ အကြံပြုချက်များနှင့် စစ်တမ်းများ တုံ့ပြန်မှုများကဲ့သို့သော ကိုယ်ရေးကိုယ်တာ အချက်အလက်များ g. သတင်းအချက်အလက်၊ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို ရယူသုံးစွဲခြင်းကဲ့သို့သော အချက်အလက်များ h. Vetail မှ အချက်အလက်များကို လက်ခံရရှိသည့်အခါ စိတ်ကျေနပ်မှုရှိခြင်းကဲ့သို့သော စျေးကွက်ရှာဖွေရေးနှင့် ဆက်သွယ်ရေးဆိုင်ရာ အချက်အလက်များ

2.3. သင်သည် အောက်ပါကိစ္စရပ်များတွင် မည်သည့်ဝန်ဆောင်မှုကိုမဆို ရယူနေချိန်တွင်Vetailသည် သင်၏ကိုယ်ရေးကိုယ်တာအချက်အလက်များကို လက်ခံရရှိသည်။ a. သင်သည် အကောင့်တစ်ခု သို့မဟုတ် အဖွဲ့ဝင်ခြင်းအတွက် အကောင့်ဖွင့်သည့်အခါ b. ဝန်ဆောင်မှုတစ်ခုခုအတွက် အကောင့်ဖွင့်သည့်အခါ သို့မဟုတ် မည်သည့်ထုတ်ကုန်ကိုမဆို မှာယူသည့်အခါ c. Customer Service မှတစ်ဆင့် ကျွန်ုပ်တို့ထံ ဆက်သွယ်သည့်အခါ

2.4. သင်သည် လိမ်လည်လှည့်ဖြားခြင်းမပြုဘဲ တိကျမှန်ကန်သော ကိုယ်ရေးကိုယ်တာ အချက်အလက်များကိုသာ ဖြည့်သွင်းရပါမည်။ နောက်ဆုံးရအချက်အလက်များနှင့် အပြောင်းအလဲများကို ပြုလုပ်သည့်အခါတွင် အကြောင်းကြားရမည်။Vetail သည် အတည်ပြုခြင်းလုပ်ငန်းစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် သင့်ကိုယ်ရေးကိုယ်တာအချက်အလက်များကို အတည်ပြုရန်အတွက် စာရွက်စာတမ်းများပေးပို့ရန် သင့်အား တောင်းဆိုပိုင်ခွင့်ရှိသည်။

2.5. သင့်ကိုယ်ရေးကိုယ်တာအချက်အလက်ကိုVetail ထံတင်ပြရန် ဆန္ဒအလျောက် သဘောတူသည့်အခါVetail သည် သင်၏ကိုယ်ရေးကိုယ်တာအချက်အလက်ကို စုဆောင်းမည်ဖြစ်သည်။ သို့သော် သင်သည် သင်၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကိုVetailထံမတင်ပြရန် ရွေးချယ်ခြင်း သို့မဟုတ် သင့်ကိုယ်ရေးကိုယ်တာအချက်အလက်များကို အသုံးပြုရန် ခွင့်ပြုချက်ကို နောက်ပိုင်းတွင် ပယ်ဖျက်ပါကVetail သည် ဝန်ဆောင်မှုများကို လုပ်ဆောင်မည် မဟုတ်ပါ။

2.6. သင်သည် System သို့ဝင်ရောက်ပြီး သင်၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို Update လုပ်ကာ အောက်တွင်ဖော်ပြထားသည့်အတိုင်းVetail ထံ အချိန်မရွေးပေးပို့နိုင်ပါသည်။

3. ကိုယ်ရေးကိုယ်တာ အချက်အလက်များကို အသုံးပြုခြင်းနှင့် ထုတ်ဖော်ခြင်း။

3.1. သင့်ထံမှစုဆောင်းရရှိသော ကိုယ်ရေးကိုယ်တာအချက်အလက်များကိုVetail မှ အသုံးပြုခြင်းနှင့် ထုတ်ဖော်ခြင်းသည် အောက်ပါ ရည်ရွယ်ချက်များကြောင့် ဖြစ်သည်။ a. သင်မှာယူသော ထုတ်ကုန်များကိုVetail မှ ပို့ဆောင်ခြင်းရှိမရှိ စီမံဆောင်ရွက်ရန် b. သင်ပြုလုပ်ထားသော ငွေပေးချေမှုကိုVetail ၏ ကိုယ်စားလှယ်မှ ကိုင်တွယ်ရန် c. သင်ဝယ်ယူထားသော ထုတ်ကုန်များကို သင့်ထံပေးပို့ရန်Vetail မှ ကိုယ်ရေးကိုယ်တာအချက်အလက်များကို ဝန်ဆောင်မှုပေးသူများထံ ပေးပို့ရန် d. Vetail မှ သင့်ထံ ရောင်းချထားသည့် ထုတ်ကုန်များ၏ ပေးပို့မှုအခြေအနေကို စောင့်ကြည့်ပံ့ပိုးကူညီရန် e. အချက်အလက်များ တိကျသေချာစေဖို့ နှိုင်းယှဉ်အတည်ပြုရန် f. သင် အွန်လိုင်းတွင် လုပ်ဆောင်သော ငွေပေးချေမှုတစ်ခုကို အတည်ပြုရန်

3.2. ခြွင်းချက်အနေဖြင့် Vetail သည် ဥပဒေစိုးမိုးရေး ရည်ရွယ်ချက်များအတွက်၊ ဥပဒေအရ လိုအပ်ချက်များနှင့် တောင်းဆိုချက်များကို ဆောင်ရွက်ပေးရန်အတွက် ကိုယ်ရေးကိုယ်တာ အချက်အလက်များကို လိုအပ်ပါက ထုတ်ဖော်နိုင်ပါသည်။

4. ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ထိန်းသိမ်းခြင်း

4.1.Vetail သည် သင့်ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ဥပဒေနှင့်အညီ လိုအပ်သရွေ့ ထိန်းသိမ်းထားမည်ဖြစ်သည်။

4.2 ကိုယ်ရေးကိုယ်တာ အချက်အလက် ထိန်းသိမ်းစုဆောင်းခြင်းသည်Vetailမှ သင့်အား သင့်လိုအပ်ချက်များနှင့် ကိုက်ညီသင့်လျော်ပြီး ပိုမိုကောင်းမွန်ထိရောက်သော ဝန်ဆောင်မှုများရရှိစေရန် ရည်ရွယ်ပါသည်။